သတိမမူ ဂူမမြင် ။


ဆောင်းရာသီ၏အေးချမ်းသော မနက်ခင်းတခုတွင် လူအများစုသည်သူ့ထက်ငါအရင်မိမိတို့ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဖို့ လိုင်းကားများတိုးစီးရင်း   သွားလာလှုပ်ရှားနေကြသူများကြားတွင်  ကျွနုပ်သည်လည်းတဦးအပါဝင်ပေါ့ဗျာ။ မှတ်မှတ်ရရ  ထို့နေ့လေးမှာတော့ အခက်ခဲများနှင့်  တိုးသောနေ့ရက်လေးဖြစ်တာမို့  ဘ၀အတွက်မှတ်မှတ်ရရဖြစ်နေသေးတယ်။  အချိန်ကတော့  မနက် ၉နာ၇ီလောက်မှာပေါ့ဗျာ ၊ မြေနီကုန်း မှ ဆူးလေ  သိုသွားသော ၂၀၄ မီနီဘတ် ကားများနှင့် အမှတ် ၃ ကားလေးများကလည်း တစ်စီးပီးတစ်စီးမှတ်တိုင်တို့ဆိုက်ရောက်လိုက် ၊ထွက်ခွာသွားလိုက်နဲ့ ပေါ့ ။ ကျနော်လဲ အများနည်းတူ မိမိ ကားပေါ်ရောက်ရှိရေးအတွက်ကြိုးပမ်းနေတာ ၁၅ မိနစ်ကျော်ကြာမြင့်နေလေပီ။ အဲဒီတော့ ကျနော်လဲစိတ်မရှည်စွာနှင့် ဒီတခါ ၂၀၄ မီနီဘတ်စ် ကားလာလို့ကတော့  ရအောင်ကားပေါ်သို့ တက်မည်ဟုအတွေးလေးနှင့် သက်ပျင်းကြီးစွာချနေတုန်း ၂၀၄ မီနီဘတ်စ်တစ်စီးသည်  မှတ်တိုင်သို့ အရှိန်ပြင်းစွာဆိုက်ရောက်လာတုန်း ကျနော်လည်း  သူများထက်အလျှင်   ကားပေါ်ရောက်ရှိအောင်တက်လက်တယ်။ 

                       အဲဒီနောက် မိနစ်အနည်းငယ်အတွင့် ကားပေါ်တွင်ခရီးသွားလာသူ  အလုပ်သမား၊ကျောင်းသား/သူများနှင့်သက်ကြီးရွယ်အိုလူတန်းစာမျိုးစုံဖြင့်   ပြည့်နှက်သွားရောဗျာ။   အဲဒီအချိန်မှာ  ကျုပ်တို့ မြန်မာနိုင်ငံက စပါယ်ရာတွေရဲ့ သဘာဝအတိုင်း ငပိသိပ်၊ ငချဉ်သိပ် သကဲ့သို့ ခရီးသည်များတင်ဆောင်ထားသောကြောင့် ကျွနုပ်၏  တကိုယ်လုံးတွင် သင်္ကြန်တွင် ရေပက်ခံထွက်ထားသကဲ့သို့ချွေများဖြင့်သစိုရွှဲနေတယ်လေ။ ကျနပ် စီးနှင်းလိုက်ပါလာသော မီနီဘတ်ကားလေးသည် မြေနီကုန်းမှတ်တိုင်မှထွက်ခွာလာပီး ရေခဲဆိုင် ဟုအမည်ရသော မှတ်တိုင်အရောက်တွင် အမျိုးသမီးတစ်ဦး၏ စူးရှကျယ်လောင်သော အော်ဟစ်သံကိုကြားလိုက်ရတယ်။ ကျနော်လဲ ထို အမျိုးသမီးတစ်ဦးကြောင့် ကျွနုပ်၏ ပစ္စည်းကို လက်ကလေးနှင့်ကိုင်ပီး ” ဟူး ” တော်ပါသေးရဲ့   …”  ငါ့ပစ္စည်းလေးရှိနေသေးတယ် ”  ဟုသက်ပျင်းရှည်ကြီးချမိလိုက်ပါတယ်။ ကျနော်၏ ပစ္စည်းဆိုသည်မှာ  ပိုက်ဆံအိတ်ဖြစ်ပါတယ်။  ဘာကြောင့်လဲဆိုတော့ ထိုမိန်းအမျိုးသမီးအော်လိုက်သည်မှာ ခါးပိုက်နှိက်ဗျို့ ခါးပိုက်နှိုက်  ကျမပိုက်ဆံအိတ် ပါသွားပီ လုပ်ကြပါဦးဆိုပြီး ပါးစပ်က ကျယ်လောင်စူးရှစွာ ဘုရားစာဂုဏ်တော်ရွတ်သလို့  မရပ်မနားအော်ရွတ်နေလို့ပါ ။ ထိုအမျိုးသမီး၏ အမှီးကိုတံခါးညှက်သံ …အယ်… မှားလို့…ထိုအမျိုးသမီး၏နောက်ဆက်တွဲအသံကတော့ ကားစပါယ်ရာ ရဲ့ မောင်းဆရာရေ ရဲစခန်းကို ဆိုပီး မီနီဘတ်လေးမှာ  အရှိန်ဟုန်ပြင်းစွာဖြင့်နီးစပ်ရဲစခန်းကို မောင်းခိုင်းလေသည်။ ကားစပါယ်ရာက လည်းလူငယ် ပီပီ စကားကသွက်သလို ရွှတ်နောက်နောက် အသက် ၂၀ ကျော် ကောင်လေးအတိုင်း ကား ဒရိုင်ဘာကို  ဘေးကားများကြည့်နှင့် ရှေ့နောက်ကားများကြည့်ပေးပီး  အော်ပေးနေလေရဲ့.။  ဘာလို့လဲဆိုတော့   ကျုပ်တို့ ရန်ကုန်မြို့လေးမှာ လူဦးရေများလွန်းပေမဲ့ Bus ကား နှင့်လိုင်းကားများမလုံလောက်တာရယ်ကြောင့်   ကားသမားများမှာလည်းတွက်ခြေကိုက် သတ်မှတ်ထားသောအခေါက်ရေအမြန်ပြည့်အောင်မောင်းနေရတာပေါ့ဗျာ။  ကျနော့်က စပါယ်ရာတို့   ဒရိုင်ဘာတို့လုပ်ဘူးလို့သိတာတော့ဟုတ်ဘူးဗျို့ ၊ ရန်ကုန်မြို့ သားပီပီ  နေ့စဉ်လိုင်းကားနှင့်ခရီးသွားနေသူ မို့လို့  သိတာပါ။ ကဲ ကဲ …စကားဆက်ပြောဦးမယ်စောစောက စပါယ်ရာလေး အကြောင်းနဲ့  အမျိုးသမီးအကြောင်းကို။ အဲဒီလူငယ်စပါယ်ရာလေးကလည်း   သူများတွေက ခါးပိုက်နှိက်ရှိတယ်လို့ ခရီးသည်တွေက စူုးစမ်းလိုသူက ဘယ်သူများခါးပိုက်နှိက်ဖြစ်နိုင်မလဲလို့ ခရီးသည်အချင်းချင်း ဟိုလူ့မျက်နှာကြည့် ၊ ဒီလူ့မျက်နှာကြည့် ၊ သူလိုလို  ၊ ငါလိုလို နဲ့ကွပ်ကြည့်ကွပ်ကြည့်လုပ်သူများကလုပ် ၊ တစ်ချို့ ကတော့ မိမိရဲ့ ပစ္စည်းကို ကျစ်နေအောင် လက်နဲ့ဆုပ်ကိုင်ထားတာပေါ့ဗျာ။(မှတ်ချက်-ပိုက်ဆံအိပ်ကိုဆုပ်ကိုင်ထားခြင်း)။ အဲဒီကားစပါယ်ရာ လူငယ်လေးကလည်း သူများတွေအာရုံထွေပြားနေသူများနှင့် ရုံးအလုပ် ၊  ကျောင်းစာသင်ချိန်နောက်ကျနေသူများအကြားမှာ   စကားတချို့ကလည်း တမျိုးတွေပြောတတ်သေးတယ်ဗျာ။ စပါယ်ရာလေးကလည်း  နီးစပ်ရာရဲစခန်းကိုရောက်အောင်မောင်းနေသော  ကားဒရိုင်ဘာကို ရှေ့ကားနောက်ကား ဘေးကားများနှင့်လွတ်ကင်းစွာမောင်းနှင်နိုင်ရန် ကူအော်ပေးလျက် ….ဆရာရေ နင်းထား နင်းထား (လည်မျိုကိုလားမသိဘူး ဘာလဲ ပေါ့ ဆက်နားဆင်နေတုန်း) လီဗာကိုတဲ့။တော်ပါသေးရဲ့ လီဗာ ကယ်ပေလို့။ ပီးတော့ထပ်အော်သေးတယ်စပါယ်ရာလေးက ဆရာရေ …၀ိုက်ဆရာရေ  သူ့အမေဈေးသွားတုန်းတဲ့။ ထိုအချိန်တွင် ကျနော် ခေါင်းထဲစဉ်းစားရခက်သွားတယ်ဗျာ။ ဒီစပါယ်ရာလေးက ကားရှင်းအောင် ဒရိုင်ဘာကိုကြည့်ပေးတာလား ဒရိုင်ဘာက သူ့ချစ်သူနဲ့နှစ်ပါးသွားကဖို့   ကင်းစောင့်ပေးတဲ့ သူများလားလို့ ။ နေရာချင်းများမှာနေသလားလို့ထင်နေခိုက် နောက်ထပ် ထပ်အော်လိုက်တာက….ဆရာရေ နောက်ကနေထိုးထည့်ပစ်လိုက်…. ထို့အချိန်မှာ ကျနော် ခေါင်းနပန်းကြီးသွားပါပီ။။  ဘာကိုတုန်းလို့ စိတ်ထဲကလဲ  တွေးနေမိတာပေါ။ စပါယ်ရာလေးက ဘာတွေပြောပီး ဒရိုင်ဘာကိုမြှောက်ပေးနေတာတုန်းလို့တွေးနေတုန်း ကျနော်အတွေးများနှင့် ပတ်ဝန်းကျင်အခြေအနေကို ဘတ်စ်ကားပြတင်းပေါက်မှန်များမှကြည့်လိုက်ပီးမိမိဘာသာသဘောပေါက်လိုက်ပါတယ်။ အမှန်က ဘတ်စ်က စပါယ်ရာလေးပြောချင် ဆိုလိုချင်တာက မီးပွိုင့်မျာကားများကိုကျော်တက်ပီး ဘတ်စ်ကား တစ်စီးစာလွတ်နေသောနေရာအရောက်မှာအော်လိုက်သောကြောင့်ပါ။ အဲဒီအချိန်မှာပဲ ကျနော်နားဆွင့်နေတုန်း ရှေ့ကဖင်ကောက်လေးက လှုပ်တုတ်လှုပ်တုတ်နဲ့  ဆရာရေ ဆွဲဝိုက်ပစ်လိုက် လို့ထပ်အော်ပြန်တယ်။ ကျနော်လဲ စပါယ်ရာစကားကိုထပ်တွေးရပြန်လေပီ…. တကယ်တော့ ကားသမား ကားပွဲစားလောကတွင်သုံးနှုန်းသော Toyota ကားသေးကိုယ်ပိုင်ကားအမျိုးစားလေးကို ဖင်ကောက်ဟုခေါ်ခြင်းဖြစ်ပါတယ်။ 

                                    အဲဒီနောက်မီးပွိုင့်စိမ်းသောကြောင့် ကျနုပ်စီးနှင်းလိုက်ပါလာသော ဘတ်စ်ကားလေးမှာ ဖင်မှာ ဂျက်တတ်ထားသကဲ့သို့ ..အဲမှားလို့….လေယာဉ်မှာဆိုအမြန်ဆုံးကဂျက်လေယာဉ်လေ။ လေယာဉ်ဂျက်ကဲ့သို့လေဟုန်ခွင့်းပီး ရဲစခန်းသို့မောင်းနှင့်လာခဲ့ ပီး ရဲစခန်းအရောက်တွင့် ရဲ ၄ယောက်က ခရီးသည်များကို တယောက်ချင်း နာမည်။လိပ်စာ။အသက်။နေရပ် .။ထိုင်ရပ်…အဲမှားကုန်ပါပီဟ စာသားနောက်လိုက်မိတာ။။ နေရာ။ရက်ကွက်.။မြိုနယ်။ဘယ်ရုံးမှာလုပ်လုပ်ကြတယ်၊ကျောင်းသူဆိုလည်းဘယ်ကျောင်းမှာတတ်တယ် ဘယ်မှတ်တိုင်ကနေစပီးစီးလာကြသလဲစသဖြင့် တယောက်ခြင်းစီကို လ၀က တောင်ဆရာတင်ရလောက်တဲ့ဟန်ကြီးပန်ကြီးဖြင့်မေးမြန်းပီးတယောက်ချင်းစာရင်းလည်းကောက် ပျောက်ဆုံးသော အမျိုးသမီး၏ပိုက်ဆံအိပ်ကိုလည်း ရဲ ၂ယောက်ကရှာဖွေနေကြတာပေါ့။ ကားတစ်စီးလုံးလည်းကုန်ရော။ အားလုံးက တရားခံ ခါးပိုက်နိုက်က ဘယ်သူလဲလို့စိတ်ဝင်စားစွာဖြင်နားစွင့်နေတာ အခုတော့ဖြင့်ခါးပိုက်နှိုက်ရှာမရပဲ နောက်ဆုံးတစ်ဦးသာကျန်တော့တာပေါ့ အဲဒီသူကတော့ ခါးပိုက်နှိက်လို့အော် တဲ့  အမျိုးသမီးအလှည့်ပေါ့ကွယ်။ ရဲများကလည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဟန်ကြီးပန်ကြီးဖြင့် စုံထောက်ကြီးဦးစံရှားလို့ စတိုင်မျိုးနှင့် ပိုက်ဆံအိပ်ပျောက်ဆုံးနေသာအမျိုးသမီးကိုအသေးစိတ်မေးမြန်နေခိုက်   ၁၀ တန်းကျောင်းသားအရွယ် ကောင်လေးက ပိုက်ဆံအိပ်ပျောက်နေသောအမျိုးသမီးကိုလှမ်းခေါ်ပြောလိုက်တာက…..မမ …မမ.။ မမရဲ့ဖင်နောက်ထဲမှာဖောင်းဖောင်းလေးနဲ့ကဘာဝင်နေတာလဲ အမေးကြောင့် အနီးရှိဘစ်စ်ကားပေါ်တွင်တခရီးထဲလိုက်ပါစီးနင်းလာသူများက ထိုကောင်လေး၏အပြောကြောင့်ဝိုင်းဟားနေကြတာပေါ့။ အဲဒီတော့ ပိုက်ဆံအိပ်ပျောက်တဲ့အမျိုးသမီးကလည်း ရှက်ကိုး ရှက်ကန်း မခိုးတယို့ ယနေ့နာမည်ကျော်မင်းသမီး Jennifer လိုအကြည့်မျိုးနဲ့ ဘေးမှာစစ်ဆေးနေကြသော ရွှတ်ခနဲခံ လိုအိန္ဒိယကုလားပုံစံ (အဲ..မှားလို….ရှလွတ်ခန်း)ကုလားဆင်ရဲလေးကို လှမ်းကြည့်ပီး စောစောက ကောင်လေးပြောတဲ့နေရာကို ကျယ်လောင်စွာဒုတိယအကြိမ်ထအော်လိုက်ပြန်လေသည်။ ကျမဟာပြန်တွေ့ ပီ  ကျမ ဟာပြန်တွေ့ ပီ  (ပိုက်ဆံအိပ် ….ဟုဖြည့်တွေးပါရန် ။ ) ဟု ၀မ်းသာအားရအော်နေတော့သည်။ထိုအခါ အနီးရှိခရီးသည်များက ဂျင်းဘောင်းဘီဝတ်ထားသောအမျိုးသမီးလက်ထဲကိုကြည့်လိုက်ရာ  လက်သီးဆုတ်ခန့်တောင်မရှိသော ကွမ်းသီလုံးလောက်ထက်နဲနဲသာပိုကြီးသော ပိုက်ဆံအိပ်လေးကိုသွားတွေ့ တယ်။ ထိုအခါ အနီးရှိခရီးသည်များနှင့် ရဲများကလည်း ရယ်ရမလို့ ။စိတ်ဆိုးရမလို နှင့် တချို့က မချိပြုံး။တချို့ကလှောင်ပြုံးပြုံး၊တချို့က ဘီလူးသံပရာသီးကိုက်တဲ့မျက်နှာမျိုးနှင့် ထိုအမျိုးသမီးထံသို့အကြည့်များစုပုံရောက်ရှိသွားတာပေါ့။တချို့ကလည်း မေတ္တာပို့သံ သဲ့သဲ့ကိုကျနော်ကြားလိုက်ရသေးတယ်။ သောက်ကမြင်းမ ကိုယ့်ဟာကိုတောင်မပျောက်အောင်ဂရုမစိုက်ပဲနဲ့ ဒီသေနာမကြောင့် ငါတို့တော့ အလုပ် ၁နာရီလောက်နောက်ကြရပီ ဆိုတဲ့အသံမျိုးလဲကျနော်ကြားလိုက်ရပါသေးတယ်။  

                                 ထိုအချိန် အသက် ရ၀ ကျော်အဖွားအိုတယောက်မှခရီးသည်များကြားမှထွက်လာပီ… ငါ့မြေးမလေးရယ် နောက်ဆိုရင် ဘာအလုပ်ပဲလုပ်လုပ် သတိနဲ့လုပ်…သတိမမူ-ဂူမမြင်ဆိုတာကြားဖူးတယ်မဟုတ်လားကွဲ လို့ပြောလိုက်သောအခါမှာ ပိုက်ဆံအိပ်ပျောက်တယ်လို့အော်တဲ့အမျိုးသမီးကလည်း  မျက်လုံးကလေး ကလည်ကလည်နှင့် အကယ်ဒမီဇတ်ကွက်ကိုသရုပ်ဆောင်သလိုခေါင်းလေးညိတ်ပီး နားထောင်ခဲ့တယ်။ အဲဒီနောက် ရဲများကလည်းလုပ်ထုံးလုပ်နည်းအတိုက်းထိုအမျိုးသမီးတယောက်ကိုခေါ်ထားပီး ကျန်ရှိနေသောခရီးသည်များကို  မိမိတို့ခရီးကိုဆက်လက်သွားနိုင်ပါပီဆိုပီးပြေဲာ့အခါ ခရီးသည်များလည်း သူ့ထက်ငါအရင်ကားပေါ်ပြေးတက်ကြပီးကျနော်တို့စီနှင်းလိုက်ပါလာသော ၂၀၄ မီနီဘတ်စ်ကားမှာ ကျန်ရှိနေသော ခရီးစဉ်ကိုမောင်းနှင်လိုက်ပါလာခဲ့ကြတာပေါ့ဗျာ။ ကျနော် ကားပေါ်တွင် တယောက်တည်း စောစောက အသက် ၇၀ကျော်အဖွားအို ပြောသော သတိမမူ-ဂူမမြင် စကားကမှန်လိုက်လေခြင်းလိုတွေ့ ပီး မချိုမချဉ် မပြုံးတပြုံးလေးဖြင့် ကားစီးရင် တနေရာအရောက်တွင် သတိဝင်လာခိုက် ကျနော်၏ နှုတ်ဖျားမှ ..ဟာ သွားပီ ကျော်ကုန်ပီ  ကျော်ကုန်ပီ….ဟု အော်လျှက်.။။။။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဖိုးလမင်း

2 comments on “သတိမမူ ဂူမမြင် ။

Leave a comment