အထွေထွေဖတ်စရာများ


အချစ်စစ်ဆိုတာ

အချစ်စစ်ဆိုတာနှလုံးသားထဲမှာစမ်းချောင်းလေးတငြိမ့်ငြိမ့်နဲ့ 

အဆက်မပြတ်စီးဆင်းနေသလိုအေးချမ်းချိုမြိန်လှပတယ်…
နွေးထွေးလုံခြုံတယ်…စမ်းချောင်းလေးတည်ရှိနေသမျှ
တသွင်သွင်နဲ့ သာယာလှပစွာထာဝရစီးဆင်းနေမှာဖြစ်သလို
အသက်ရှိနေသမျှ အချစ်တွေကထာဝရမပြောင်းလဲဘဲတည်ရှိနေတာ
အချစ်စစ်ပါ…အချိန်တိုင်းအတွေးထဲမှာသူရှိနေတယ်…
တွေးလိုက်တိုင်းခံစားမှုတစ်ခုခုရှိနေပြီးပျော်နေတတ်ပါတယ်…
သူနဲ့ ပတ်သက်တာမြင်ရင်နှလုံးသားထဲကနေအလိုလိုနှစ်ခြိုက်စွာ
ပြုံးရယ်တတ်တယ်…မိုင်ပေါင်းဘယ်လောက်ဘဲဝေးနေပါစေ
ဝေးမှာစိုးလို့ ဖက်တွယ်ထားတတ်တယ်။
အနေနီးရင်သံယောဇဉ်ဖြစ်တယ်လို့ ပြောကြတာမှန်ပေမယ့်၊
တစ်ယောက်နဲ့ တစ်ယောက်မိုင်ပေါင်းများစွာဝေးနေပါစေတစ်ခါမှမမြင်ဘူး
လဲအချစ်စစ်နဲ့ သံယောဇဉ်တွေတစ်ရစ်ပြီးတစ်ရစ်ခိုင်မြဲစွာရစ်ပတ်နိုင်စွမ်းရှိတယ်…
မမြင်ဘူးပေမယ့်လဲမိုက်ကရိုဖုန်းကနေဟိုးမိုင်ပေါင်းများစွာက
ဖြတ်သန်းလာတဲ့အသံလေးတစ်ခုကလဲနှလုံးသားကိုဖမ်းစားနိုင်ပါတယ်…
ကိုယ်တိုင်ကလဲအရင်ကလူတွေနဲ့ ပြောဆိုခဲ့ဘူးပေမယ့်ဒီအသံလေး
ကျမှချစ်ခင်နှစ်သက်သွားတာလဲရှိပါတယ်…
သူသာလျှင်ကိုယ့်အတွက်အရာအားလုံးဖြစ်နေပါတော့တယ်…
အချစ်စစ်နဲ့ ချစ်တဲ့အချစ်မှာလက်ရှိအခြေအနေတွေမပါဘူး။
အသက်အရွယ်ဆိုတာတွေမရှိဘူး…ဂုဏ်တွေငွေတွေမရှိဘူး။
ရုပ်ပိုင်းဆိုင်ရာလဲမပါဘူး…အနေနီးစပ်မှလဲမဟုတ်ပါဘူး…
ဘယ်အရာနဲ့ မှအစားထိုးမရနိုင်အောင်အချစ်တွေကခိုင်မြဲလွန်းလှတယ်…
အမြဲခွင့်လွှတ်နားလည်ပေးနိုင်တယ်…
အပြစ်ဆိုလို့ မြူမှုန်လေးတောင်မမြင်ဘဲသီးခံခြင်းတွေလဲပါနေတယ်
အနိုင်အရှုံးတွေလဲတွက်ချက်မထားဘူး…
အရင်ကထားခဲ့ဘူးတဲ့သံယောဇဉ်တွေနဲ့ လဲမတူဘူး
အလွန်နက်ရှိုင်းလေးနက်တယ်….
ခံစားမှုလေးတွေကိုအရင်ကမရေးဖွဲ့ နိုင်ပေမယ့်အချစ်စစ်နဲ့ တွေ့ ရင် ၊
လှပသေသပ်နူးညံ့တဲ့ကဗျာတွေစာတွေကိုရေးဖွဲ့ နိုင်စွမ်းရှိလာတယ်…
အချစ်စစ်ရဲ့ စွမ်းအားတွေကရေးမယ်ဆိုရင်ကုန်နိုင်မှာမဟုတ်သလို
ဘယ်တော့မှလဲရိုးသွားမှာမဟုတ်ပါဘူး…၊
ချစ်တတ်တဲ့သူတိုင်းပျော်ရွှင်ချမ်းမြေ့ ပါစေ…ဆုံဆည်းနိုင်ကြ
ပါစေလို့ တောင်းဆုပြုပါတယ်…………………………………….။
Copyright,
စာရေးသူ- သစ်ရွက်ငယ်

4 comments on “အထွေထွေဖတ်စရာများ

  1. အရမ်း ကို ကောင်းတဲ့ ကဗျာ လေးပါဗျား …………. ကိုဖိုးလမင်း မျှဝေခံစားပေးသွားပါတယ် ဗျား……..လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ ဗျား ……….🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s