ရင်ထဲကမေမေ


ရင်ထဲကမေမေ

 

အို မေမေ

ငယ်ရွယ်စဉ်ခါ မေမေ့အနား မနေခဲ့ရပေမယ့် သမီးကို အချစ်ပိုမယ်ဆိုတာ သိပါတယ် မေမေ

အခုချိန်ထိလဲမေမေ့အနား အမြဲမနေနိုင်သေးပြန်ဘူး မေမေ

မေမေ ဘယ်လောက်အထီးကျန်ဆန်လိုက်မလဲ သားသမီးတကွဲတပြားနဲ့ အိမ်မှာ ကျန်ရစ်ခဲ့တဲ့မေမေ

အဝေးရောက်နေတဲ့သမီးတွေ အဆင်ပြေရဲ့လား နေကောင်းရဲ့လား နဲ့ မေမေ့စိတ်ပင်ပန်းနေရတုန်းပဲနော်

ငယ်ငယ်တုန်းကတော့ လမ်းမလျှောက်တတ်မှာစိုးရိမ်ရတာနဲ့ ကြီးလာတော့လဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်မှာ စိုးရိမ်နေရတုန်းပဲနော်

သမီးက ညီအစ်မတွေထဲမှာ ကံအကောင်းဆုံးပဲလို့ မေမေ ခဏခဏပြောဖူးတယ်

မေမေ့စကားကြောင့်လဲ သမီးကိုယ့်ကိုကိုယ်အမြဲကံကောင်းနေသူလို့ပဲ မှတ်ယူထားတယ်

သမီးကိုမွေးဖွားခါနီးမှာ သူများ ပြုစားထားလို့ ဗိုက်ကလဲမနာ …. နာနာဘာဝ သရဲ တွေ တွေ့ခဲ့ရလို့ ခြောက်ခြားနေရတယ်တဲ့

သမီးကိုရအောင်မွေးမယ်ဆိုတဲ့စိတ်နဲ့..ဘုရားကိုပဲအာရုံပြုပြီး အားတင်းခဲ့ရတယ်နော်..

ဟိုဆေးရုံပြောင်းလဲ မမွေး ဒီဆေးရုံမှာလဲ မွေးလို့မရနဲ့ နောက်ဆုံး ဦးလေး အကူအညီနဲ့ တရုတ် နယ်စပ်ကဆေးရုံကို ရောက်တော့မှ ပဲ မွေးလို့ရတယ်တဲ့ အဲဒိနေ့ကတော့ 5 ရက် 5 လ ၁၉၈၄ စနေနေ့ ပေါ့ရှင်

မေမေ တော်တော်ပင်ပန်းခဲ့မှာနော်. သမီးကိုမွေးဖွားခဲ့တဲ့အတွက် ကျေးဇူးပဲမေမေ

မေမေ ပညာရေးမှာ အားနည်းခဲ့လို့ သမီးတို့တတွေ မေမေ့လိုဖြစ်မှာစိုးရိမ်ပြီး ကျောင်းနေအရွယ်မှာ ကျောင်းထားခဲ့တယ်

ဘာသင်တန်းတက်ချင်လဲ ဘာလုပ်ချင်လဲ ဘာမဆိုဖြည့်ဆည်းပေးခဲ့တဲ့မေမေ

မေမေရေ အခုချိန်ထိ မေမေ့ကို စိတ်ဆင်းရဲအောင်မလုပ်ခဲ့ပေမယ့် စိတ်ချမ်းသာအောင်လဲ မလုပ်နိုင်ခဲ့ဘူး မေမေရယ်

မေမေရေ ဒီကနေပဲ မေမေ့ကို လက်အုပ်ချီကန်တော့လိုက်ပါတယ်

မေမေ့ကိုအရမ်းလွမ်း အရမ်းသတိရတယ်မေမေ ။

 

 

*လူတိုင်းမှာ မိဘ ၂ပါးဆိုတာ ရှိပါတယ်။ သို့မှသာလျှင် အသင်သည်လည်းလူ့လောကကိုရောက်ရှိလာ၇တာပါ။

အဲဒီတော့ ဘယ်အခြေနေမှာပဲရောက်ရောက် မိဘမေတ္တာနဲ့ ကျေးဇူးတရားကို မမေ့ကြဖို့ မျှော်လင့်လျှက်..

ဝေဌပေးလိုက်ပါတယ်။

 

ဖိုးလမင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s