မြန်မာစကားပုံ ဗဟုသုတတိုးပွားစေရန်


မြန်မာစကားပုံ ဗဟုသုတတိုးပွားစေရန်

၁။ကြွေတစ်လှည့် ကြက်တခုန်
မိမိအခြေအနေ မည်မျှနိမ့်ကျစေကာမူ အရေးအခင်းသာပါက တခဏချင်း မူလအခြေအနေသို့ ပြန်ရောက်နိုင်၍ မိမိဘက်က အရေးသာနိုင်သည်။

၂။ကုတို့ဆိပ်မှိုအိတ်ပွင့်သလို
ပရိတ်သတ်စုံလင်သည့် နေရာမျိုးမှ ဤအကြောင်းအခင်းကို ဖွင့်ထုတ်ပြောသည့်အတွက် လူအများသိကုန်သည်။

၃။ခရမ်းသီးပိန် ဓါးတုံး
အလုပ်တစ်ခုလုပ်ကိုင်ရန်အတွက် မူလအခြေအနေကလည်းမကောင်း နောက်ထပ်လုပ်ကိုင်ဖို့ရာကလည်း ပြည့်စုံမှုမရှိ သို့အတွက် အလုပ်ဖြစ်ဖို့ရာ အခက်အခဲတွေ့နေရသည်။

၎။ချဉ်သီးပင်အောက်ချဉ်သီးရှာ
ဤအရပ်ကထွက်ကုန်ဖြစ်ပါလျှက် အခြားအရပ်သို့ တင်ပို့ဖြစ်၍ မူရင်းအရပ်တွင် မရှိတော့ဘဲ ရှားပါးနေခြင်းဖြစ်သည်။
၅။ငါ့စကားနွားရ
မိမိပြောရမည့်စကားကို မိမိထက်နိမ့်ကျသူကဦး၍ ပြောဆိုသွားခြင်းဖြစ်သည်။

၆။စူဠလိပ်ရေထဲလွှတ်သလို
ရေထဲနေ၍ ရေထဲပျော်သောလိပ်ကို ရေထဲလွှတ်လိုက်သဖြင့် အကြိုက်တွေ့ပြီး ပြန်မပေါ်လာသကဲ့သို့ တစ်ဦးဦးကို တစ်နေရာသွားခိုင်းရာ သဘောကျစရာတွေ့နေသဖြင့် တော်တော်နှင့်ပြန်မရောက်နိုင်ခြင်းဖြစ်သည်။

၇။စိတ်မဆိုးဘူး၊ကျွဲမြီးတိုတယ်
ပါးစပ်ကစိတ်မဆိုးပါဘူးဆိုသော်လည်း ၀မ်းထဲက မကျေနပ်နိုင် ဖြစ်နေသည်။

၈။ဆင်သတ်အရပ်ဝေ
မိမိကအလုပ်ကြီးတစ်ခုကို အရင်းစိုက်ထုတ် ကြိုးစားလုပ်ကိုင်ပြီး ရရှိလာသည့် ပစ္စည်းများကို လူအများကိုဝေဌနေရသည်။ကိုယ်ကောင်းစား ဖို့ထက် လူအများကောင်းစားဖို့ အပင်ပန်းခံပေးနေရသည်။

၉။မီးစတစ်ဖက်၊ရေမှုတ်တစ်ဖက်
သဘောထားမတည်ကြည်သူများသည် တစ်ဦးရှေ့တွင် ကောင်းကျိုးလိုစကားများနှင့် ပြုမူ၍နောက်ကွယ်တွင် ဆိုးကျိုးစကားများ ပြုမူပြောဆိုကြသည်။

၁၀။ဗူးလုံးနားမထွင်း
ဗူးသီးများ ထိပ်ကအပေါက်မရှိ အလုံးလိုက်ဖြစ်သကဲ့သို့ စကားပြောရာတွင် မရှင်းသည့်အတွက် နားမထွင်းတဲ့ ဗူးသီးအလုံးလိုက် အတိုင်းပဲ ကွဲကွဲပြားပြားမရှိခြင်းဖြစ်သည်။

၁၁။ဖွတ်မိကျောင်းဖြစ် မြစ်မငြိမ်သာ
ဖွတ်ကြီးလာလျှင် မြစ်အတွင်းအမြီးနှင့် ပုတ်ခတ်သည့်အတွက် မြစ်အတွင်း မြင်သမျှမချမ်းမသာ ဖြစ်ရသကဲ့သို့ ရပ်ရွာတွင်း အောက်ခြေ လူတန်းစားများက အကြီးအကဲတက်ဖြစ်လျှင် ရပ်ကွက်တွင်း လူးလာ ဆန်ခတ်လျှက် အာဏာတန်ခိုးပြ၍ ဒုက္ခပေးသဖြင့် ရပ်ရွာငြိမ်းချမ်းမှုမရှိဖြစ်ရသည်။

၁၂။ဖျာလိပ်ကြီးဆိုတာနဲ့ပုပ်စော်နံ
အချို့လူများစကားရောင်လိုက်တတ်သည့် အတွက်တဦးကဖျာလိပ်ကြီး ဆိုတာနဲ့ လူသေကောင်ပတ်လာသဖြင့် ပုပ်စော်နံလိုက်တာဟုပြောသကဲ့သို့ တစ်ခုခုပြောတိုင်း စကားအဆင်ကို လိုက်ပြီးစကားအရောင်ဖမ်း၍ အဖြစ်သည်းစွာပြောဆိုသည်။

၁၃။မဲကမုံ မုံကမဲ
အသေးကိုကြီး၍ အကြီးကိုအသေး ဘလောင်းဘလဲ ရှုပ်တတ်သဖြင့် ခုတမျိုးတော်ကြာတစ်မျိုး တတ်လဲတတ်နိုင်ပါတယ်။

၁၄။ဗောဓိကုက္ကိုညောင်ထိုထို လူပျိုဘုရားမရှိငြား
ဗောဓိကုက္ကိုညောင်ထိုထိုတို့ကို အမှီပြု၍ပွင့်သွားသော ဘုရားတို့မှာ လူပျိုဘုရားဟုတစ်ပါးမှမရှိသည့်အတွက် ကျွန်တော်လိုပုထုဇဉ်လူသားက လူပျိုကြီးတော့ မလုပ်နိုင်ပါဟုပြောခြင်းဖြစ်သည်။

* ရှေးလူကြီးများက စကားပုံးများကို နေ့စဉ်သုံးစကားများတွင် အမြဲလိုလိုသုံးခဲ့ကြပေမယ့် ယခုခေတ်မှာတော့ ၂၁ရာစုကြီးမှာတော့ အားလုံးတိုးတက်သွားလို့လားတော့မသိပါဘုး
မြန်မာစကာပုံကိုတော့ တိုးတက်အောင် မလုပ်နိုင်ကြတော့ပဲ ယခင်ရှိရင်းစွဲစကားပုံများကိုသာ  စာအုပ်များထဲတွင်သာ ရှင်းလင်းချက်များနဲ့ တိမ်မြုပ်နေပါသောကြောင့် ယနေ့ခေတ်
လူငယ်များ သိရှိစေ၇န် ကျနော့် ဖတ်ဖူးဖတ်သား၇တာလေးကို ဝေဌပေးလိုက်ပါတယ်။
ပျော်ရွှင်နိုင်ကြပါစေ။
ဖိုးလမင်း

One comment on “မြန်မာစကားပုံ ဗဟုသုတတိုးပွားစေရန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s