ဒေတာတွေကိုပြန်ရှာမရအောင်ဖျက်စီးတဲ့ Bot.exe virus


ဒေတာတွေကိုပြန်ရှာမရအောင်ဖျက်စီးတဲ့ Bot.exe virus

အခုတလော USB Device တွေမှာအများဆုံးတွေ့ရတဲ့ ဗိုင်းရပ်တစ်မျိုးကတော့ Bot.exe လို့ခေါ်ပါတယ်။

မမ်မိုရီစတစ် ၊ အမ်ပီဖိုး ၊ အမ်ပီသရီးတွေမှာ အများဆုံးတွေ့ရပါတယ်

Bot.exe ၀င်နေပြီဆိုရင် မမ်မိုရီစတစ်များ အမ်ပီဖိုး ပလေရာများတွင်မိမိဒေတာများ ပျောက်ဆုံးကုန်တာ တွေ့ရမှာ ဖြစ်ပြီး ထိုဒေတာ ပျောက်ဆုံးသွားသော စက်များအားproperties ဖြင့်ကြည့်မယ်ဆိုရင် မိမိထည့်သွင်းထားသော ဒေတာများ၏ Capacity အတိအကျရှိနေတာတွေ့ရပါမယ်။

နားလည်သူဆိုရင်တော့သိမှာပါ ဒါက Hidden ဖြစ်သွားတယ်ဆိုတာကိုပေါ့…

Toll bar က Folder Options ကနေ ချိန်းကြည့်လဲမရပါဘူး Search နဲ့ရှာမယ်ဆိုရင်လဲ မရပါဘူး…

စိတ်ပျက်လက်ပျက်နဲ့Format မရိုက်လိုက်ပါနဲ့အုံး လွယ်လွယ်ပြန်ရမယ့် နည်းရှိပါတယ်။

… ဥပမာ- သင့်စက်ဟာ My Computer မှာ F: ဆိုပါတော့ဒေတာပျောက်နေသော F: ထဲကိုဝင်လိုက်မယ်ဆိုရင် Tool bar ပေါ်က Address bar မှာF:\ ဆိုပြီးတွေ့ရမယ် သင့်စက်ထဲမှာ သင်မှတ်မိမယ့် သင့် ဒေတာဖိုင်နာမည်တစ်ခုကို Address bar မှာရိုက်ထည့်ပါ။

ဥပမာ- F:\mp3 ဆိုပြီး ရိုက်ထည့်မယ် ပြီးရင် Enter key နှိပ်လိုက်မယ်ဆိုရင်တော့ mp3 ဆိုတဲ့ပျောက်နေတဲ့ ဖိုင်ထဲရောက်သွားမှာဖြစ်ပါတယ်သင့်ဖိုင်များကိုသင်မှတ်မိသလောက်တော့ ပြန်ရမှာ ဖြစ်ပါတယ် ။

စာလုံးအကြီးအသေးနဲ့ Spacebarအကွာအဝေးတော့မှန်ပါစေ။Notepad.exe ဗိုင်းရပ်မျိုး ၀င်နေတယ်ဆိုရင်လဲ ဒီနည်းအတိုင်း ဖိုင်တွေကိုပြန်လည်ရှာဖွေနိုင်ပါတယ်။Bot.exe ကို ဗိုင်းရပ်ဆော့ဖ်ဝဲတွေက မသိကြသေးပါဘူး ဒါကြောင့်ကာကွယ်ချင်တယ်ဆိုရင်တော့USB Disk Security လိုမျိုးဆော့ဖ်ဝဲတွေသွင်းထားသင့်ပါတယ်။

By myittarshin

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s